မြင်းခြံမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာနသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ငါန်းဇွန် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမင်းအောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာ ဖြေဆို နေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး စာစစ်ဌာနတွင် တာဝန် ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/အဖြေလွှာများ လုံခြုံရေး ကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေး၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။        

မြင်းခြံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ သူ စာရင်းရှိ (၂၀၃)ဦး၊ ဖြေဆိုသူ (၁၈၃)ဦး၊ ပျက်ကွက် (၂၀)ဦးရှိရာ ဖြေဆိုသူရာခိုင်နှုန်း (၉၀%) ရှိကြောင်း သိရသည်။                                           

ခရိုင်(ပြန်/ဆက်)