ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ကြာအင်းဆိပ်ကြီး မတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ပထမနေ့အဖြင့် မြန်မာစာဘာသာရပ်အားစတင်၍ အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ အခြေခံပညာစနစ်သစ်ဖြင့် ပထမဦးဆုံးသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား ကျောင်းသူ (၂၅၈)ဦးမှ စာရင်းပေးသွင်းထားရှိပြီး ယနေ့မြန်မာစာဘာသာရပ်အား‌ လာရောက်ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၂၈)ဦးမှ ဝင်ရောင်ဖြေဆိုလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ပျက်ကွက်ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုမှုမှာ (၈၈.၃၇%) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)