ကော့သောင်း မတ်၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်(၁၁)ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် မြန်မာစာဘာသာရပ်ကို အ.ထ.က(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာန၊ ခမောက်ကြီးစာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ (Grade-12) ကျောင်းသား၊ သူ (၁၈၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ၌ အ.ထ.က-၁ စာစစ်ဌာနတွင် အ.ထ.က-၁ကျောင်းမှ ကျောင်းသား/သူ(၂၅)ဦး၊ အ.ထ.က-၃ကျောင်းမှ ကျောင်းသား/သူ(၁၁)ဦး အ.ထ.က(ခွဲ) အ.လ.က(၁) ကျောင်းမှ ကျောင်းသား/သူ(၁၀)ဦး၊ အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းမှ ကျောင်းသား/သူ(၂၅)ဦး၊ ကျောင်းတွင်ဖြေဆိုသူ(၇၁)ဦးနှင့် အလွတ်ဖြေဖြေဆိုသူ(၁၁)ဦး စုစုပေါင်းဖြေဆိုသူ (၈၂)ဦးရှိသည်။
အ.ထ.က(၂) စာစစ်ဌာနတွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/သူ(၃၆)ဦး၊ အ.ထ.က ဆယ်မိုင်ကျောင်းမှ ကျောင်းသား/သူ(၄)ဦး၊ အ.ထ.က ဇာဒက်ကြီးကျောင်းမှ ကျောင်းသား/သူ(၂)ဦး၊ အ.ထ.က(ခွဲ)ပုလုံးတုံတုံးမှ ကျောင်းသား/သူ(၄)ဦး၊ အ.ထ.က(ခွဲ)စိုင်ဒင်းမှကျောင်းမှ ကျောင်းသား/သူ(၅)ဦး၊ ကျောင်းတွင်းဖြေဖြေဆိုသူ(၅၁)ဦးနှင့် အလွတ်ဖြေဖြေဆိုသူ(၁၇)ဦး စုစုပေါင်းဖြေဆိုသူ(၆၈)ဦးရှိသည်။ အ.ထ.က-ခမောက်ကြီးစာစစ်ဌာနတွင် အ.ထ.က-ခမောက်ကြီးကျောင်းမှ ကျောင်းသား/သူ(၂၈)ဦး၊ အ.ထ.ကမလိဝမ်းကျောင်းမှ ကျောင်းသူ(၂)ဦး ကျောင်းတွင်းဖြေဆိုသူ(၃၀)ဦးရှိကြောင်းနှင့် ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကော့သောင်းမြို့နယ်အနေဖြင့် ၉၆ဒသမ၂၅၆၇ရာခိုင်နှုန်း ဖြေဆိုပြီး ၃.၇၄၃၃ ရာခိုင်နှုန်း ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ လုံခြုံရေးနှင့်အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)