မော်လမြိုင်မြို့၌ ပန်ဥယျာဉ် ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဖေဖော်ဝါ ၂၉

မြန်မာ့ယဉ်ကျေးမှု၏ အနုပညာလက်ရာ ယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးအဖွဲ့မှ ကျင်းပသော ပန်ဥယျာဉ်ပန်းချီ၊ ပန်းပုပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဘိုကုန်းရပ်၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာရှင်များ၊ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကာတွန်းဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

အခမ်းအနားတွင် ပန်းချီ၊ ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးဉာဏ်သောင်းက နှစ်စဉ် မော်လမြိုင်မြို့နယ် ပန်းချီပညာရှင်များအနေဖြင့်လည်း ပန်းချီမျိုးဆက်သစ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ပြသထားသော ပန်းချီကားများတွင် ဝါရင့်ပန်းချီပညာရှင်ကြီးများပါသကဲ့သို့ ခေတ်ပြိုင်အမြင်ဖြင့် ရေးဆွဲထားသည့် လူငယ်ပန်းချီ၊ ဆရာ၊ ဆရာမများအမြင်၊ ကျောင်းသားလူငယ်များ၏ စိတ်ကူးအတွေးအရေးများကို အရောင်အသွေးစုံ၊ ရသစုံ၊ ရေးနည်းရေးဟန် စုံလင်စွာဖြင့် တစ်စုတစ်ဝေးတည်း ကြည်နူးခံစားရမှာဖြစ်ကြောင်း၊ ပန်းချီပြပွဲသို့ ကြွရောက်ချီးမြှင့်ပေးကြပါသော  ပန်းချီချစ်သူအားလုံးက ပြသထားသော ပန်းချီကားချပ်များကို ကြည်နူးခံစားရစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပန်းချီ၊ ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးဉာဏ်သောင်းနှင့် တာဝန်ရှိသူက ပန်ဥယျာဉ် ပန်းချီ၊ ပန်းပုပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများက ပြခန်းအတွင် ပြသထားသော ပန်းချီ၊ ပန်းပုများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြပွဲကို ပန်းချီကားချပ် (၁၀၀)နှင့် ပန်းပု()ခုကို ထည့်သွင်းပြသထားရှိကြောင်းနှင့် ပန်းချီ၊ ပန်းပုပြပွဲအား  ဖေဖော်ဝါရီ (၂၈) ရက်မှ မတ်လ (၃) ရက်နေ့ထိ ()ရက်ကြာ ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)