ကျွန်းလှမြို့နယ်၌ ၂၀၂၃-၂၀‌၂၄ ပညာသင်နှစ်၊ Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးစီး

ကျွန်းလှ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-‌၂၀‌၂‌၄ ပညာသင်နှစ်၊ Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ (၂၂)နေ့က စတင်ဖြေဆိုခဲ့ရာ ယမန်နေ့ နံနက်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးဖြစ်ကြောင်း၊ ဖေဖော်ဝါရီ (၂၂)ရက်မှ (၂၈) ရက်နေ့အထိ စာစစ်ဌာန (၁၃) ခုတွင် Grade-9 ကျောင်းသား၊ ကျောင်းသူ (၃၄၆) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ