ပခုက္ကူတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ပွဲ ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/စီမံဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များနှင့်မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ဦးဆောင်သော အဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်သို့ ကြွရောက်နေရာယူကြပြီး ခေတ္တပါမောက္ခချုပ်က ဘာသာရပ်အလိုက် စာမေးပွဲများကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ပေးအပ်သည်။

ပခုက္ကူတက္ကသိုလ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အဝေးသင်သင်တန်း(ဒုတိယ)အကြိမ် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ပွဲကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)