မိုင်းယောင်းမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများစုပေါင်း၍ (၂/၂၀၂၄)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသူများက (၂/၂၀၂၄)လအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် (၃/၂၀၂၄)အတွက် အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ပြုလုပ်ကျင်းပခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ပြည်သူ့ဝန်ထမ်းကောင်းရရှိသည့် အမှုထမ်းနှင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)