စလင်း ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းမှ ထွက်ရှိသည့်ထင်း(၉.၉၈)တန်အား မကျီးထူးကျေးရွာနှင့် သစ်စေးတဲကျေးရွာတို့မှ အိမ်ထောင်စု(၂၀)အား ထင်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀အချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထင်းများထောက်ပံ့ပေးအပ်ပွဲသို့ စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေနှင့်ဝန်ထမ်းများ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သော သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်း ပထမနှစ်(၂၀၀၀)ဧကတွင် ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်း (၂၀၀)ဧကမှ ပူးခွာခြင်း၊ ကိုင်းချိုင်ခြင်း၊ ငုတ်တက်ချွန်ခြင်းလုပ်ငန်းများမှ ထွက်ရှိသည့်ထင်း(၉.၉၈)တန်အား သဘာဝတောအနီးနေထိုင်ကြသည့်ကျေးရွာများဖြစ်သည့် မကျီးထူးကျေးရွာနှင့် သစ်စေးတဲကျေးရွာများမှ အိမ်ထောင်စု (၂၀)အား တစ်အိမ်လျှင် (၀.၅)တန်နှုန်းဖြင့် ထင်းများဖြန့်ဝေပေးခဲ့ကြောင်းကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရှိရသည်။
မောင်လွင်(စလင်း)