လပွတ္တာ ဖေဖေါ်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဌာနဝန်ထမ်းများနှင့်အတူအခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ အချိန်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်က ပုဒ်မ ၄၄ ၊ ၄၅ ၊ ၄၆ အချက်များ၊ ကာကွယ်ဆေးမထိုးမီနှင့်ထိုးပြီးကာလများတွင် မွေးမြူသူအားပညာပေးရန်လမ်းညွှန်ခြင်း၊ ဌာန၏မူဝါဒနှင့်လုပ်ငန်းစဥ်များအားရှင်းလင်းခြင်း၊ (၁)လ လျင်တစ်ကြိမ်အစည်းဝေးတက်ရောက်ရန်နှင့် (၄) လတစ်ကြိမ်တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးတို့ကို သင်ကြားပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှသင်တန်းသား (၁၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ၂ ရက် ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)