လွိုင်လင် ဖေဖော်ဝါရီ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လို့င်လင်ခရိုင်ရုံးမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားမှူးသင်တန်းသို့ လွိုင်လင် - ပင်လုံရှိ ဌာနဆိုင်များမှ သင်တန်းသား/သူ ၂၅ ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ သင်တန်းထူးချွန်ဆုရရှိသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေတို့က ချီးမြှင့်ပေးခဲ့ကြကြောင်း သိရပသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)