အလုံမြို့နယ်၌ Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ

အလုံ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးလာသူ ပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်း ၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၆၀)နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည်၊ အသက်(၅၀)အထက် နာတာရှည် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ  စုစုပေါင်း (၁၄) ဦးအား ထိုးနှံပေးနိုင်ခဲ့သည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ သဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)