သာယာဝတီမြို့တွင် ပဲတီစိမ်းများ ဆွတ်ခူးချိန်ဖြစ်၍ မိသားစု အပိုဝင်ငွေရရှိ

သာယာဝတီ     ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ယခုကာလအတွင်း ပဲတီစိမ်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သဖြင့် မြို့နေပြည်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

သာယာဝတီမြို့ဇိမ်ဇာကျေးရွာမှ ကိုးပင်ရိုးကျေးရွာအထိ စိုက်ပျိုးထားရှိသော ပဲတီစိမ်းများအရင့်မှန်ပြီး ခူးဆွတ်ကာလသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ နေ့စားလုပ်အားခငွေ တစ်နေ့အတွက် အမျိုးသား တစ်ဦးလျှင် ငွေ ၁၂၀၀၀ ကျပ်နှင့် အမျိုးသမီး တစ်ဦးလျှင် ၉၀၀၀ ကျပ်ခန့် ရရှိသည်။

အဆိုပါ နေ့စားလုပ်အားခများအား ပဲတီစိမ်းခူးဆွတ်ခြင်း၊ အစေ့ထုတ်ပြောင်းများခူးဆွတ်ခြင်း၊ တောင်ယာငရုပ်သီးများ ခူးဆွတ်ခြင်းများဖြင့် ရရှိသောကြောင့် မြို့နေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သန့်ဇော် (ပြန်/ဆက်)