ရွှေပြည်သာ ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ရင်(ငြိမ်း) စာရေးဆရာ မြင်းခြံကျော်အောင်မှ ရွှေပြည်သာမြို့နယ်ရှိ တပ်မတော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများအား စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဗိုလ်မှူးကြီး ကျော်ရင်(ငြိမ်း) စာရေးဆရာ မြင်းခြံကျော်အောင်မှ မိတ်ဆက်စကား ပြောကြားပြီး စာအုပ် (၈၀) အုပ်အား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
စာရေးဆရာ မြင်းခြံကျော်အောင် လှူဒါန်းသော စာအုပ်များမှာ ၎င်းကိုယ်တိုင် ရေးသားထားသော ဘဝဇာတ်ခုံဖြစ်ရပ်စာအုပ် (၄၀) အုပ်နှင့် ငါသူဌေးဖြစ်မယ့်လူလား စာအုပ် (၄၀) အုပ်၊ တန်ဖိုးငွေကျပ် (၄၀၀၀၀၀) ကျပ် တန်ဖိုးရှိ စာအုပ်ပေါင်း (၈၀) အုပ်အား အများပြည်သူအကျိုးငှာ လှူဒါန်းခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)