အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2024
လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ဒေါပုံမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များအတွက် တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူးသင်တန်းများကို အခမဲ့အဖြစ် မတ်လ(၆)ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ကာ မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 08,2024
ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိသော အ.ထ.က ကျောင်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိသော အ.ထ.က ကျောင်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
Mar 08,2024
၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)နိုင်လှုံ(၂)ထပ်ကျောင်းဆောင် အသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါစာသင်ကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
Mar 08,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှအသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီချိန်က ဆရာကြီးဦးအောင်သင်းရေးသားသည့် “ပညာနှင့်ကန်တော့ခြင်း’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။