အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2024
ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၂  နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ပုလော မြို့ အမှတ်(၂) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား(၁၁၃)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်လူမှုဝန် ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများနှင့် ပတ်ဝန်းကျင်တွင် မီးထိတ်လန့်မှုမဖြစ်စေရန် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို မတ်လ ၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2024
နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပမည့် အမှတ် (၂) အ‌ခြေခံ ပညာအထက်တန်းကျောင်းတွင် ‌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2024
၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။