အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင့်နှင့် သရုပ်ပြ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်နှင့်ဝန်ထမ်းများသည် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးသည်။
Sep 19,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် စက်တင်ဘာ ၁၉ ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၁၇၂၀၃) ဦးထိ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ပြီးကြောင်း သိရသည်။
Sep 19,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကလေးအလုပ်သမား ပပျောက် ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီမှ ကြီးမှူး ဖွင့်လှစ်သည့် အခြေခံဂဟေဆက်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ကက်သလစ် အသင်းတော်ရှိ ယာယီ တိုက်ပွဲရှောင်စခန်း ဝတ်ပြုခန်းမဆောင်တွင် ကျင်းပခဲ့သည်။
Sep 19,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးတိုင်းဒေသကြီး လုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်အထက်တန်းကျောင်း၊ ပညာခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော ကျောင်းသူများအား စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို ဗိုလ်တထောင်​မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၈၊ ၉၊ ၂၀၂၃) တွင်လည်းကောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် (၁၉၊ ၉၊ ၂၀၂၃) တို့တွင်လည်းကောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် (၂၀၊ ၉၊ ၂၀၂၃) တို့တွင်လည်းကောင်း (၂၅၊ ၉၊ ၂၀၂၃) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းတို့တွင်လည်းကောင်း၊ (၂၆၊ ၉၊ ၂၀၂၃) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က (၂)၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ် (၃) အခြေခံ ပညာမူလတန်းကျောင်းတို့တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV အား ဗိုလ်တထောင်မြို့နယ်ကျောင်း (၁၂) ကျောင်းမှ အသက် (၉) နှစ်မှ (၁၂) နှစ် မပြည့်သေးသောကျောင်းသူ စုစုပေါင်း (၉၇၈) ယောက်အား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV အားထိုးနှံပေးသွားမည် ဖြစ်ပါသည်။
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသည်းထန် မြစ်ရေကြီး လေပြင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် နေအိမ်(၂)လုံးပြိုကျ၊ နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည်။