စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေး စာဖတ်ဝိုင်းပြုလုပ်

လက်ပံတန်း မတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Book Club Woman Club Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှအသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီချိန်က ဆရာကြီးဦးအောင်သင်းရေးသားသည့် “ပညာနှင့်ကန်တော့ခြင်း’’ စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ မျိုးမင်းထွန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရာ စာရေးဆရာ ဆရာကြီးဦးအောင်သင်း ရေးသားသည့် “ပညာနှင့်ကန်တော့ခြင်း’’ စာအုပ်မှ “သုတနှင့်ပညာ”၊ “ပညာနှင့်ကန်တော့ခြင်း”၊ “ပညာနှင့်ကန်တော့ခြင်း(၂)”၊ “ပညာနှင့်ကန်တော့ခြင်း (၃)”၊ “လွယ်လွန်းလို့ခက်နေတယ်” ခေါင်းစဉ်တို့ကို Book Club၊ Women Club အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်သောင်း၊ ဒေါ်ညိုညိုတင့်၊ ဦးစောမြင့်၊ ဒေါ်စမ်းစမ်းဝင်း၊ ဦးမြင့်သိန်းတို့မှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ Club အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)