အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက ရေနံချောင်းမြို့မဈေးကြီးနှင့် ရတနာဈေးထိပ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2024
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 08,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၂၀၂၃-၂၀၂၄ )ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအား အ.ထ.က ကျိန္တလီ စာစစ်​ဌာနတွင်ကျင်းပမည်ဖြစ်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလေးများအား နွေရာသီပန်းချီသင်တန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဝါသနာရှင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
Mar 08,2024
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း ၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 08,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ရန်ကုန်လမ်းနှင့် တော်ဝင်လမ်းထိပ်ရှိ အိမ်အမှတ်(၁)၌ ကျင်းပခဲ့သည်။