အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်မှ စတင်၍ အခြေခံပညာကျောင်းများ၏ ဆေးထိုးစုရပ်များ၌ အသက်(၉)နှစ်ပြည့် ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အခမဲ့ စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 20,2023
နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်အတွက် တနင်္သာရီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Sep 20,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက၊ ဂုဏ်ထူးကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 20,2023
အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး လုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် Botanical Printing သင်တန်းဆင်းပွဲ ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က-၂) ကျောင်းနှင့် (အ.မ.က)မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ဘိန်းအစားထိုးသီးနှံအတွက် ကော်ဖီပင်၊ မြေပဲမျိုး၊ မြေပဲမျိုးစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုနှင့် မြင်းကွေ့ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ဘိန်းအစားထိုး သီးနှံအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
Sep 20,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (မန္တလေး)တို့ ပူးပေါင်း၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၂၃) တွင် မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါသည်။
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်)တို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။