အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်းကို မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီအချိန်က ခပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 08,2024
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာရှိ (MSME) အသေးစားလုပ်ငန်း တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာဝါးပတ်ဦးထုပ်လုပ်ငန်းသည် မိသားစု တစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်ရောင်းချ ရာမှာလက်ရှိ စျေးကွက် အခြေအနေအရ တွင်ကျယ်လျက်ရှိ ကြောင်း သိရသည်။
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
Mar 08,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့၌ ​အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်များအား နွေရာသီ​ကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများကို မြို့နယ်အားကစားကွင်း၌ မတ်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2024
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၄ မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်က ပြုလုပ်သည်။   အစည်းအဝေးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းလွှာများသယ်ယူ
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း​​​ကုသခြင်းကို (၅.၃.၂၀၂၄) မှ (၆.၃.၂၀၂၄) ရက်နေ့အထိ စက်မှုလယ်ယာဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၂)ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၈၁၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ကဗျာစာရေးဆရာတို့ ပူးပေါင်း၍ မတ် ၅ ရက်နေ့ နေ့လယ် (၁) နာရီ၌ “ရင်ဘတ်ချင်းတူသူများဆုံဆည်းရာ စာပေဂနိုင်ကဗျာမြိုင်နန်း” ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။