ကျောက်ဆည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးဖြေဆိုမည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ကျောက်ဆည် မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄  ခုနှစ် ၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ မတ် (၈) ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းများရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ စာဖြေခန်းများ၊ စာဖြေခုန်များ၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာဖြေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံ စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းစာဖြေဌာနတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အတွင်းဖြေ ကျောင်းသား (၃၅၉) ဦး၊ ကျောင်းသူ (၅၁၆) ဦး၊ အပြင်ဖြေကျောင်းသား (၂၈)ဦး၊ ကျောင်းသူ(၅၄)ဦးတို့ ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်၊ကျောက်ဆည်