အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပသည်။
Mar 09,2024
နယ်မြေအခြေအနေများကြောင့် တောင်ကြီးမြို့ကို ပြောင်းရွေ့ခိုလှုံရောက်ရှိလာကြသော ဌာနဆိုင်ရာအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Mar 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်း၍ မြို့သစ်မြို့ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ (၇) နေ့က စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက အောင်ပင်လယ်ရပ်ကွက်  ၄၈ လမ်းရှိ အထက်မြန်မာပြည်ပုံနှိပ်တိုက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mar 09,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ယမန်နေ့နံနက် (၉) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Mar 09,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မတ် (၇) ရက် နံနက် (၉) နာရီက တောင်ကြီးမြို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြုစုဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး သန်းခေါင်စာရင်း ပြုစုဆောင်ရွက်နေသော အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လက်ခံရယူကြောင်း သိရသည်။
Mar 09,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘားအံမြို့နယ်မှ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။