အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများ သတင်းအမှန်များကို ကောင်းစွာသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
Mar 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 10,2024
၂ဝ၂၃-၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ပဲခူးမြို့နယ်ရှိ အ.ထ.က(၁)-ပဲခူး စာစစ်ဌာန၊ အ.ထ.က-ဘုရားကြီးစာစစ်ဌာန၊ အ.ထ.က-အင်းတကော်စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Mar 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသာကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူများအား ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်
Mar 10,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌  မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းစျေးလည်းကောင်း၍ စီးပွားဖြစ်ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
Mar 10,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများကို ယနေ့နံနက်၁၁နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးထားရှိသည့် စားတော်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်  လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများလည်း ပိုမိုကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။