အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
Mar 10,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာအရှင်သူမြတ်တို့အား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့က က္ကစ္ဆာသယသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
Mar 10,2024
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဒုတိယအကြိမ်မြောက် A.G.T.I ဒီပလိုမာအောင်လက်မှတ် အပ်နှင်းသည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
Mar 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃-လမ်း "နေဝင်းသူရိန်ယိုစုံ" ပြုလုပ်သည့် လုပ်ငန်းသုံးမီးဖိုမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဥ်မှာ သရက်တောရပ်ကွက်၊ နှပ်တန်းကွက်သစ် ၃ လမ်းရှိ ဦးနေဝင်း "နေဝင်းသူရိန်ယိုစုံ" လုပ်ငန်း လုပ်ကိုင်သူ၏ အလုပ်ရုံအတိုင်းအတာ ( ၁၈"x၁၅"x ၁၂") ရှိမီးဖို၏ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Mar 10,2024
မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စွယ်တော်လမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ဝင်ခွင့်ကတ်များအား ယနေ့နံနက် (၉) နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၅၈)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံအစည်းအဝေးနှင့် မိုက်ညုကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲတော်ကြီးကို လွိုင်နွဲ့ကျေးရွာ၊ မိုက်ညုကမ္မဋ္ဌာန်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။