သရက်ချောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကို ကွင်းဆင်းစစ်ဆေး

သရက်ချောင်း မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများကို ယနေ့နံနက်၁၁နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက အ.ထ.က-သရက်ချောင်း စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး စာသင်ခန်းအတွင်းအပြင် ဆောင်ရွက်ထားရှိမှုများ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ ၊ စာစစ်ဌာနအပြင်စည်း၊ အတွင်းစည်းလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားပူးပေါင်းအဖွဲ့များနှင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက-သရက်ချောင်း စာစစ်ဌာန တစ်ခုတည်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ကျောင်းတွင်းဖြေဆိုသူ (၄၄) ဦး ၊ ပြင်ပဖြေဆိုသူ (၁၅) ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၅၉) ဦး ဝင်ရောက်ဖြေဆိုမည် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ရက်နေ့အထိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းခလိုက် (သရက်ချောင်း)