ဇလွန် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများ သတင်းအမှန်များကို ကောင်းစွာသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီတွင် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ အမျိုးသားရေးတာဝန်၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇) နေ့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို စုံလင်စွာဖြင့် ဖော်ပြထားကြောင်း သိရသည်။
ဝေယံ - ဇလွန် ( ပြန် /ဆက် )