အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာသို့ မတ်လ(၉)ရက်နေ့က သွားရောက်ကာ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 10,2024
၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ စာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိစေရေး၊ အောင်မြင်စွာကျင်းပဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၉) နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဋ္ဌမအကြိမ် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခမောက်မော် ကျေးရွာရှိ အိမ်ခြေ (၄၃၆) အိမ်ခြေမှ လူဦးရေ (၁၅၈‌၈) ဦးအား အကျိုးပြုမည့် ဆိပ်ခံတားသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
Mar 10,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က သီပေါ်ရွာသစ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
Mar 10,2024
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများအား မတ်လ(၁၀)ရက်နေ့၊နံနက်(၁၀)နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။