တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရေး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် ကွင်းဆင်းစစ်ဆေး

ပဲခူး မတ် ၁၀

၂ဝ၂၃-၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ပဲခူးမြို့နယ်ရှိ အ.ထ.က()-ပဲခူး စာစစ်ဌာနအ.ထ.က-ဘုရားကြီးစာစစ်ဌာန၊ အ.ထ.က-အင်းတကော်စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးမြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လုံလောက်သော အလင်းရောင်ရရှိရေး၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများအတွင်း စာရေးခုံ၊ ထိုင်ခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ထားရှိမှုတို့အား လိုက်လံစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)