ပင်းတယ မတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်ပြီး သင်တန်းတွေဖွင့်လှစ်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံးအရင်းအမြစ်များဖြစ်သည့် လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်တာကြောင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ လူမှုရေးဦးတည်ချက်(၁)ချက်အနေ့နဲ့ “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဆိုပြီး လူငယ်ကဏ္ဍကို အလေးထားထည့်သွင်းချမှတ်ထားပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အင်္ဂလိပ်စာအခြေခံသင်တန်းသည် လူငယ်များအတွက် များစွာအကျိုးရှိသည့်သင်တန်းတစ်ခုဖြစ်သောကြောင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို စနစ်တကျလေ့လာသင်ယူကြပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာကြစေရန် အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် ဆက်လက်စူးစမ်းရှာဖွေလေ့လာသင်ယူမှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူတော်လူကောင်းများဖြစ်လာနိုင်မည်ဖြစ်ပါကြောင်းနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်၏အားကိုးအားထားရသည့် လူငယ်လူရွယ်များဖြစ်လာကြစေရန် အသိပညာအတတ်ပညာများကို မိမိတို့တတ်စွမ်းသမျှ ကြိုးစားလေ့လာသင့်ယူသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သင်တန်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးမှ လက်ခံရယူခဲ့သည်။ ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးမှ သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ စာအုပ်/စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနှင့် လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် Mini Museum (ပြတိုက်ငယ်)ကို ပြသပေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြသည်။
အဆိုပါ အင်္ဂလိပ်စာအခြေခံသင်တန်းအား မတ်လ(၁၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ အလယ်တန်းပြ အင်္ဂလိပ်စာဆရာမကြီး(ငြိမ်း)က သင်တန်းနည်းပြအဖြစ် အင်္ဂလိပ်စာအခြေခံဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၀)ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)