အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ လေ့လာဖတ်ရှုနိုင်ရေးကို တံတားဦးခရိုင် အတွက် ကျောင်သုံးပြဌာန်းစာအုပ်များကို မတ်လ ၈ ရက်နေ့၊ နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြောင်းသိရသည်။
Mar 10,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြုထောက်ပံ့ခဲ့သည်။
Mar 10,2024
၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှု စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Mar 10,2024
ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို ဝင်ရောက်ဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ စားသောက်ရေးအဆင်ပြေစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ထောက်ပံ့လှူဒါန်းသော ဆန် (၁၀)အိတ် ဆီ(၆)ပုံး၊ ကြက်သွန်(၅)အိတ်၊ ငရုတ်သီးခြောက်(၂၀)ပိဿာအား ယနေ့နံနက်က လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းတွင် အဆိုပါ တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။
Mar 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ကမ်းလက်များစာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Mar 10,2024
အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ၏ စတုတ္ထအကြိမ်မြောက် A.G.T.I ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းသည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
Mar 10,2024
ရှေးဦးပြုစုနည်းလမ်းဖြင့် လူသားတို့၏အသက်အန္တရာယ်ကို ကူညီ၊ကာကွယ် စောင့်ရှောက်ကယ်တင်ခြင်းနှင့် လူနာတစ်ဦးကိုတွေ့ရှိသည့်အခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်းပို့ဆောင်၍ လူနာများ၏အသက်အန္တရာယ်ကို အတတ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၈/၂ဝ၂၄)နှင့် ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းအမှတ်စဉ်(၁/၂ဝ၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။