အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၏  အင်္ဂလိပ်ဘာသာရပ်ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာတစ်နိုင်ငံလုံး စတင်ဖြေဆိုလျက်ရှိရာ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့သစ်မြို့နယ်၊ လယ်ပြင်ရပ်ကွက်၊ ဝါဝါဝင်းစက်သုံးဆီအရောင်းဆိုင်၌မီးဘေး ကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ မြို့သစ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ဝါဝါဝင်းစက်သုံးဆီ အရောင်းဆိုင်မှ အရောင်းဝန်ထမ်းများတက်ရောက်သည်။
Mar 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ (၁၁) ရက်နေ့ နံနက် (၉) နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး မိမိတို့၏ အိမ်နောက်ဖေးတွင် စိုက်ခင်းများဖြင့် သီးပင်စားပင်များ စိုက်ပျိုးထားရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေများရရှိရန်အတွက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များရောင်းချ၍ အပိုဝင်ငွေများရရှိလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးထံမှ သိရသည်။
Mar 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က မာန်အောင်ကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် တောင်တွင်းကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဉ် ဆောင်ရွက်ပေးရှိကြောင်း သိရသည်။