စမ်းချောင်း မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်း မြို့နယ်လ၀ကရုံး၊ လင်းလွန်း(မြောက်)ရပ်ကွက်၊ စမ်းချောင်း (တောင်)ရပ်ကွက် ဓမ္မာရုံတို့တွင် ရပ်ကွက်အတွင်းရှိ ပြည်သူ (၁၇၆) ဦး၏ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့အထိ ပြည်သူ (၁၆၈၀၈) ဦး၏ (Biographic Data) များကို ကောက်ယူပြီး စီးပြီဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဘ၀င်းကကြီးကြပ်၍ မြို့နယ် လ၀က ၀န်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါ၀င် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)