မြစ်သား မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၏ အင်္ဂလိပ်ဘာသာရပ်ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် အ.ထ.က(မြစ်သား)၊ အ.ထ.က(ကူမဲ)နှင့် အ.ထ.က (ရွာခိုင်ကြီး) စာစစ်ဌာန(၃)ခုရှိပြီး ယနေ့မှစပြီး အင်္ဂလိပ်ဘာသာရပ် ဖြေဆိုသည့်နေ့တွင် အ.ထ.က(မြစ်သား)စာစစ်ဌာနတွင် (၁၃၅)ဦး၊ အ.ထ.က (ကူမဲ)စာစစ်ဌာနတွင် (၂၁၁)ဦး၊ အ.ထ.က(ရွာခိုင်ကြီး) စာစစ်ဌာနတွင်(၆၇) ဦးစာရင်းရ စုစုပေါင်း(၄၁၃)ဦးရှိကြောင်း၊ မြို့နယ်အနေဖြင့် စာမေးပွဲ လာရောက်ဖြေဆိုသူ(၄၀၃)ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက်သူ(၁၀)ဦးရှိသောကြောင့် စာစစ်ဌာနများ၏ ဖြေဆိုမှု(၉၈) ရာခိုင်နှုန်းဖြေဆိုခဲ့သည်။ ထို့နောက် စတင်ဖြေဆိုသည့်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးရပ်အုပ်ချုပ်ရေးမှူးများ လုံခြုံရေးပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)