တောင်တွင်းကြီး မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် တောင်တွင်းကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဉ် ဆောင်ရွက်ပေးရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား/လမ်းလာ မော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ်လမ်းကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(ဆတ်သွား) စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/ကျောင်းသူများက ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)