အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက ပခုက္ကူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁) ခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပခုက္ကူခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ/ ကျဆုံးရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
Mar 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊  ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
Mar 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပခဲ့သည်။
Mar 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူ (၁၃၈)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ကျုံမငေးမြို့ မြို့မဈေးကြီးတွင် ယမန်နေ့ မွန်လွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင်  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့်  ရပ်ကွက်ကျေးရွာကော်မတီများထံသို့ ဒုတိယစက်ဝန်း ရန်ပုံငွေမတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
Mar 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၌၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ဌာန(၂)ခု၌ ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/သူစာရင်းရှိ (၄၅၃) ဖြေဆိုသူဦးရေ (၄၁၃)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၄၀)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၁၆%) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ (၃၇၂)ဦး ဖြေဆို (၃၆၂)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၁၀)ဦး ဖြေဆိုမှု ရာခိုင်နှုန်း (၉၇.၃၁%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။