ကျိုင်းတောင်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး မိမိတို့၏ အိမ်နောက်ဖေးတွင် စိုက်ခင်းများဖြင့် သီးပင်စားပင်များ စိုက်ပျိုးထားရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေများရရှိရန်အတွက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များရောင်းချ၍ အပိုဝင်ငွေများရရှိလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးထံမှ သိရသည်။
“အစတုန်းကတော့ အိမ်စားဖို့လောက်ပဲ စိုက်ပျိုးတာပါ၊ အိမ်နီးချင်းတွေ လာရောက်ဝယ်ယူအားပေးမှုကြောင့်ရယ် အသိမိတ်ဆွေများရဲ့ ထပ်မံတိုးချဲ့စိုက်ပျိုးဖို့ တွန်းအားပေးမှုတွေကြောင့် အခုလို စိုက်ပျိုးဖြစ်သွားတာပါ”ဟု ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်အားပေးသူမှ “ကျွန်မတို့က ဟင်းသီးဟင်းရွက်ဆို လတ်ဆတ်မှကြိုက်တာဆိုတော့ အခုလိုခြံစိုက်ခင်းနဲ့ စိုက်ပျိုးထားတဲ့နေရာတွေမှာ လာရောက်ဝယ်ယူအားပေးလျက်ရှိပြီးတော့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမှုရယ် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးကို မထိခိုက်တဲ့အတွက်ကြောင့်ပါ၊ ပြီးတော့ ဈေးကြီးကြီးနဲ့ရောင်းလဲ ဝယ်ယူအားပေးမှာပါ”ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)