ပြည်ကြီးတံခွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ပြည်ကြီးတံခွန် မတ် ၁၂

၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာတစ်နိုင်ငံလုံး စတင်ဖြေဆိုလျက်ရှိရာ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အနေဖြင့် အမှတ် (၂၇)အ.ထ.ကကျောင်း၌ စာစစ်ဌာနတစ်ခုတည်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၃၂၆) ဦး ရှိသည့်အနက် ယနေ့ဝင်ရောက်ဖြေဆိုသူ  (၂၈၀) ဦး ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၈၅.၈၉) ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း (G-12) ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံ‌အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)