အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နည်းစနစ်ကျကျ ကစားနိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့်ကာပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအ‌ခြေခံဘောလုံးသင်တန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ် သင်ကြား‌ခဲ့ကြောင်း သိရသည်။
Mar 12,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင်ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းလုပ်ငန်းကို ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆပ်ပြာဆီပြုလုပ်ရောင်းချသည့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာကြောင်း သိရသည်။
Mar 12,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှ ထောက်ပံပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မတ် ၉ ရက်နေ့မှစတင်၍ ရပ်ကွက်ရှိ အသက် (၈၃) နှစ်အထက် သက်ကြီးဘိုးဘွား (၄၉) ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ ပေးကြောင်း သိရပါသည်။
Mar 12,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မီးသတ်ဦးစီးဌာနမှ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုကြောင့် လူထုနှင့်ဌာနဆိုင်ရာများ၏ အဆောက်အဦး၊ ပစ္စည်းများ မီးလောင်ဆုံးရှုံးမှုမရှိစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော ပွဲနှင့်မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြန်မာ့သစ်လုပ်ငန်းဌာန၊ KBZ Bank၊ ခန့်ညားရတနာ ပုဂ္ဂလိကဆေးရုံတို့၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ချောက်မြို့မစျေးအနီး၊ မြို့နယ်ရဲစခန်းလမ်းဆုံလမ်းမတွင် သွားလာသည့်ပြည်သူများအား  ဖြန့်ဝေပေးခဲ့သည်။
Mar 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စာစစ်ဌာန(၄)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ (အင်္ဂလိပ်စာဘာသာရပ်) ကို မကွေးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၄၈၃ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။