အလုံ မတ်လ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ (၁၁) ရက်နေ့ နံနက် (၉) နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးလာသူပြည်သူများအား ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးခြင်း ၊ကိုယ်အပူချိန်တိုင်းတာခြင်း၊ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှင့် အထက် ပြည်သူများ၊အသက် (၁၈) နှစ်အထက် နာတာရှည်၊ အသက်(၅၀)အထက် နာတာရှည် ပြည်သူများ စုစုပေါင်း (၅၆)ဦးအား ထိုးနှံပေးနိုင်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)