အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဘေကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ရန်ကုန်ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းသစ်အား ယနေ့နံနက် (၇)ခွဲအချိန်က အဆိုပါ လမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြာင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ပညာဗဟုသုတရှိစေရန်နှင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယ‌မန်နေ့နေ့လည် ၂ နာရီက အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 13,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက (၇၉) နှစ်မြောက် တပ်မတော်နေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2024
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာရဲတပ်ဖွဲ့စုများက ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ ခန်းမတွင် ကျင်းခဲ့သည်။
Mar 13,2024
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ယမန်နေ့နံနက် (၉)နာရီမှစတင်၍ ဆက်လက်ဖြေဆိုလျက်ရှိသည်။
Mar 13,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင် ဖြေဆိုလျက်ရှိသည်။
Mar 13,2024
ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။