အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်းတွင် ကျင်းပဖြေဆိုလျက်ရှိရာ မတ်လ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ဘာသာရပ်ကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က (မတ္တရာ) စာစစ်ဌာနတွင် ဆက်လက်ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 13,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် ကွန်ပျူတာအခြေခံပညာရပ်များကို ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း(အခမဲ့) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ညကာလများအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတများတိုးပွားစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လှည်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီ ကဖွင့်လှစ်ကြောင်း သိရသည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန (ဝန်ထမ်းအိမ်ရာ) သို့ သွားရောက်ငှားရမ်းပေးသည်။
Mar 13,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ပေတောကျေးရွာ၌ ကျင်းပသည်။
Mar 13,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား စုပေါင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ တပ်နယ်မှူးရုံး (ဝဲကလိ) တွင် ကျင်းပပြုလုပ်သည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကို ယ‌မန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။