အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေချိုကုန်းကျေးရွာအုပ်စု၊ ရေချိုကုန်းကျေးရွာတွင် နိဗ္ဗာန်တံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Mar 13,2024
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာဥက္ကဋ္ဌ ဦးဇော်ဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာန‌ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာသန်စွမ်းစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများကို အနောက်ပိုင်းရပ်ကွက် မြို့နယ်အားကစားခန်းမနှင့် (KZG) ဖူဆယ်ဘောလုံးကွင်း၌ မတ်လ ၁၀ ရက်မှ ဧပြီလ ၃ ရက်နေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ (၁၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။