ရေဖြူ မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ပညာဗဟုသုတရှိစေရန်နှင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နေ့လည် ၂ နာရီက အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အ.ထ.က ရေဖြူမှအထက်တန်းနှင့်အလယ်တန်းကျောင်းတို့မှ ကျောင်းသား/သူ(၁၅)ဦး တက်ရောက်ကြပြီး ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်ဟေမာဝင်းနှင့် အငယ်တန်းစာရေး ဒေါ်မေသူနိုင်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကာလမှာ မတ်လ(၁၂ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ ရုံးဖွင့်ရက် နေ့လည် ၂ နာရီမှ ၃နာရီအထိ ပို့ချပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ တက်ရောက်သင်ယူမှုရှိကြောင်း သိရသည်။
ခတ္တာ