အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံ့ပင်ကျေးရွာအုပ်စု လက်ပံ့ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်၌ မတ်လ ၁၂ရက် မွန်းလွဲ ၂ နာရီ ၁၅မိနစ်အချိန်က ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက (ချစ်နိုင်)စိတ်ပညာရေးသားထားသော ခေါင်းဆောင်မှုလျှို့၀ှက်ချက်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ထိခိုက်လွယ်အုပ်စုဝင်များအား ထောက်ပံ့ငွေ များပေးအပ်ခြင်း အခမ်းအနားကို မတ် (၁၃) ရက်၊ နံနက် (၁၀) နာရီက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ကျောက်ဖရုံသီးများ စတင်ခူး ဆွတ်ရောင်းချချိန်တွင် စျေးကောင်းရရှိနေ၍ ကျောက်ဖရုံသီး စိုက်ပျိုးရောင်းချသည့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 13,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
Mar 13,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
Mar 13,2024
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် သင့်ဘဝအောင်မြင်ရေးလှေခါးထစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။