ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လားရှိုး မတ် ၁၃

ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့၊  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာလင်းထက်အောင်က သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများ ဖြစ်ပွားပါက ကျန်းမာရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ဘေးအန္တရာယ်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းများ၊ ဘေးအန္တရာယ်နှင့်ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ တစ်စုံတရာကျရောက်ပါက ကဏ္ဍအလိုက်  ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းများအနက် အခက်အခဲရှိနိုင်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရွေးထုတ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)