ကလော မတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက (၇၉) နှစ်မြောက် တပ်မတော်နေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စိတ်ပါဝင်စားစွာလာရောက် လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)