စဉ့်ကူး မတ် ၁၃
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ယမန်နေ့နံနက် (၉)နာရီမှစတင်၍ ဆက်လက်ဖြေဆိုလျက်ရှိသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ နယ်မြေခံတပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရန်စာရင်းပေးသွင်းထားသူကျောင်းသား (၉၃) ဦးနှင့် ကျောင်းသူ (၁၄၇) ဦး စုစုပေါင်း (၂၄၀) ဦး၊ ဖြေဆိုသူကျောင်းသား (၈၅) ဦးနှင့် ကျောင်းသူ (၁၄၀) ဦး စုစုပေါင်း (၂၂၅) ဦး ရှိပြီး ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား (၈) ဦးနှင့် ကျောင်းသူ (၇) ဦး စုစုပေါင်း (၁၅) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၇၅) ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)