(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဘေကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

 တွံတေး မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဘေကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ရန်ကုန်ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းသစ်အား ယနေ့နံနက် (၇)ခွဲအချိန်က အဆိုပါ လမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်များမှ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က စီမံကိန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာန၏ မူဝါဒအနေဖြင်ကျေးလက်လမ်း၊ တံတားဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးနှင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၈၀%နှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀% အပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဥ်အဆင့်မြင့်တင် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် တွံတေးမြို့နယ်တွင်လည်း ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း (၆၇/၀.၈၆၄) မိုင်၊ ကတ္တရာလမ်း (၀/၄)မိုင်၊ ကျောက်လမ်း (၁၄/၃.၃၄၀၄)မိုင်၊ မြေသားလမ်း( ၄၇/၀.၀၁)မိုင်၊ အခြား (၂/၀)မိုင်၊ ကွန်ကရစ်တံတား (၃၀)စင်း၊ Box Culvert (၅၀)စင်း ဆောင်ရွက်နိုင်ခဲ့ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ်လမ်း (၁/၅.၄၇)မိုင်၊ ကွန်ကရစ်တံတား(၆)စင်း၊Box Culvert (၃)စင်း တို့အားစုစုပေါင်းကျပ်( ၃၆၀၇.၆၅၅သန်း)ဖြင့် ဆောင်ရွက်ရန်လျာထားပြီး ယခုဖွင့်လှစ်သော အဘေရွာအဝင်လမ်းမှာ မူလကမြေသားလမ်းဖြစ်ကာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ အကျယ်၉ပေ၊ ခင်းခဲ့ရာ ယခုအခါ ကျိုးကြေပျက်စီးနေသဖြင့် ယင်းလမ်းအား အဆင့်မြှင့်တင်၍ ကွန်ကရစ်ခင်း​ခြင်းလုပ်ငန်း(၂၆၄၀ပေ×ပေ၁၂ပေ×ထု၇လက်မ)ကို ကျပ်(၂၅၄.၅၀၇သန်း)ဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ဘဏ္ဍာငွေဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ အဘေကျေးရွာအဝင်လမ်းအား ဆောင်ရွက်ခဲ့ခြင်းကြောင့် အကျိုးပြုကျေးရွာ(၇)ရွာဖြစ်သော အဘေရွာ၊ ညောင်ကုန်းရွာ၊ စာဖြူစုရွာ၊ ရွာပုံရွာ၊ ရွာလေးရွာ၊ အိုင်လမုရွာ၊ မတူကုန်းရွာရှိ အိမ်ခြေ(၁၁၅၀)အိမ်၊ လူဦးရေ( ၄၆၁၇)ဦး၊ အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းစာသင်ကျောင်း (၄)ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ (၆၅၃)ဦးကို အကျိုးပြုမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးစောလယ်မှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စပါးစိုက် တောင်သူဦးကြီးများ လယ်မြေတွင် ကြဲခင်းထက် မျိုးစေ့ချကိရိယာ( DrumSeeder)ဖြင့် စိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ အဘေကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်၊  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးသန်းတို့က အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ၊ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် တာဝန်ရှိသူများ၊ ကျေးသူ၊ ကျေးရွာသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဘေကျေးရွာအဝင်လမ်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အဘေကျေးရွာအဝင်လမ်းသစ် ဖွင့်လှစ်နိုင်သည့်အတွက် အကျိုးပြုကျေးရွာ(၇)ရွာဖြစ်သော အဘေရွာ၊ ညောင်ကုန်းရွာ၊ စာဖြူစုရွာ၊ ရွာပုံရွာ၊ ရွာလေးရွာ၊ အိုင်လမုရွာ၊ မတူကုန်းရွာရှိ အိမ်ခြေ (၁၁၅၀)အိမ်လူဦးရေ (၄၆၁၇)ဦး၊ အထက်တန်းကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၄) ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ(၆၅၃)ဦးတို့ကို အကျိုးပြုသည့်အပြင် ကျေးလက်ထုတ်ကုန်များ သက်သာစွာဖြင့် စျေးကွက်သို့ အမြန်ရောက်ရှိပြီး ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များ အသုံးပြု၍ လွယ်ကူစွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးလှိုင်(ပြန်/ဆက်)