မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြာင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကြို့ပင်ကောက် မတ် ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြာင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြာင်းလဲစေသော ဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေးလုပ်ငန်းများတွင် အမျိုးသမီးများပါ အတူပူးပေါင်းပါဝင်ပြီး ဆောင်ရွက်သွားနိုင်ရေး မိမိတို့မိသားစုနှင့် နေထိုင်ရာရပ်ကွက်များအတွင်းမှာလဲ အသိပညာပေးဆောင်ရွက်ခြင်းများကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒေသခံပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်နှင်းနီလာထွန်းက ပြောသည်။

ဆွေးနွေးပွဲ စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးနှင့် ဝန်ထမ်းများ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ဒေသခံပြည်သူများအင်အား ၂၃ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း