အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြကုန်းကျေးရွာတွင် ရာသီအလိုက်ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။
Mar 13,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ Youth Club လူငယ်စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပဆောင်ရွက်သည်။
Mar 13,2024
(၄၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို ၁၃၈၅ - ခုနှစ် ၊ တပို့တွဲလဆုတ်(၁၄)ရက်နေ့ မှ တပေါင်းလဆန်း (၄)ရက်နေ့ထိ မော်လမြိုင်မြို့၊ သာသနာ (၂၅ဝဝ) ရာမညဓမ္မဗိမာန်တွင် ကျင်းပပြုလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လေးထပ်ရာမည သာသနာ့ဗိမာန်တော်ကြီး၌ ရာမညဓမ္မာစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးမှ စာမေးပွဲကြီး ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပရိယတ္တိစာမေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့သည်။
Mar 13,2024
မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ ပြုလုပ်သည့် နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံ ပိုက်ကျော်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းဖွင့်ပွဲ အခမ်းအနားကို မတ် (၁၂) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် ကျိုက်မရောလမ်းပိုင်း၊ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
Mar 13,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ နွေရာသီအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။